ဦးနှောက်အကျိတ်ဖြစ်နေရင် ဘာတွေ ခံစားရမလဲ
ဦးနှောက်အကျိတ်ဆိုတာက ဦးနှောက်ထဲ ဒါမှမဟုတ် ဦးနှောက်တဝိုက်က ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတာမျိုးပါ။ ဦးနှောက်အကျိတ်တွေက ဦးနှောက်တစ်ရှူးထဲမှာ ဖြစ်တာပါ။ အနီးတဝိုက်က အာရုံကြောတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်ကို ကာရံထားတဲ့ အမြှေးပါးမှာလည်း ဖြစ်နိုင်ပါတယ်။
ဦးနှောက်အကျိတ်တွေက ဦးနှောက်ထဲမှာ စဖြစ်တာပါ။ ဒီအခြေအနေကို Primary Brain Tumors လို့ ခေါ်ပါတယ်။ အချို့သော အခြေအနေတွေမှာ ဦးနှောက်က အကျိတ်တွေက အနီးအနားမှာရှိတဲ့ ဦးနှောက်တစ်ရှူးတွေ အနီးတဝိုက်မှာလည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို Secondary Brain Tumors ဒါမှမဟုတ် Metastatic Brain Tumor လို့လည်း ခေါ်ကြပါတယ်။
ဦးနှောက်ထဲမှာ အကျိတ်တွေ ဖြစ်နိုင်ပေမယ့် အကျိတ်တိုင်းကတော့ ကင်ဆာ မဟုတ်ပါဘူး။ ဦးနှောက်အကျိတ်ဖြစ်ပြီဆိုရင် အကျိတ်အရွယ်အစား၊ဖြစ်တဲ့နေရာတွေကို လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်သလို အကျိတ်ပြန့်တာ မြန်ရင်မြန်သလောက် လက္ခဏာတွေ မြန်မြန် ပြသနိုင်ပါတယ်။
ဦးနှောက်မှာ အကျိတ်ဖြစ်ပြီဆိုရင် လက္ခဏာတွေ အနေနဲ့ အခုလိုတွေ ခံစားရနိုင်ပါတယ်။
- ခေါင်းကိုက်တာ သို့မဟုတ် ခေါင်းထဲမှာ ဖိအားဖြစ်သလို ခံစားရတာတွေပါ။ ဒီအခြေအနေတွေက မနက်ခင်းပိုင်းမှာ ပိုဆိုးနိုင်ပါတယ်။
- မကြာမကြာဆိုသလို ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ကြာလာလေလေ ပိုပြင်းထန်လာလေလေပါ။
- ခေါင်းကိုက်တာက တစ်ခါတလေမှာ တင်းအားကြောင့် ခေါင်းကိုက်တာကို ခံစားရနိုင်သလို ခေါင်းတစ်ခြမ်းကိုက်တာကိုလည်း ခံစားရနိုင်ပါတယ်။
- မအီမသာဖြစ်တာ၊ အော့အန်တာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။
- အမြင်အာရုံပြဿနာ အနေနဲ့ကတာ့ အမြင်အာရုံတွေ ဝေဝါးတာ၊ အမြင် နှစ်ထပ်ဖြစ်တာ၊ မျက်စိတစ်ဖက်က မမြင်ရတာမျိုးတွေ ခံစားရနိုင်ပါတယ်။
- ခြေလက်တွေ မသယ်ချင်တာ၊ လက်မောင်းတွေ၊ ခြေထောက်တွေ မလှုပ်နိုင်တာမျိုး ခံစားရနိုင်ပါတယ်။
- ဟန်ချက်ထိန်းဖို့ မလွယ်တာမျိုး ခံစားရနိုင်ပါတယ်။
- စကားတွေ ဗလုံးဗထွေးပြောတာမျိုး ခံစားရနိုင်ပါတယ်။
- အရမ်းကို ပင်ပန်းတာမျိုး ခံစားရနိုင်ပါတယ်။
- နေ့တိုင်းလုပ်ဆောင်နေကျ ကိစ္စရပ်တွေကို လုပ်ဖို့တောင် အာရုံရှုပ်ထွေးတာမျိုး ခံစားရနိုင်ပါတယ်။
- မှတ်မိနိုင်စွမ်း အားနည်းတာမျိုး ခံစားရနိုင်ပါတယ်။
- ပုံမှန် ပြောဆိုနေကျ စကားတွေကို လိုက်နာ လုပ်ဆောင်ဖို့ ခက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။
- အပြုအမူတွေ ပြောင်းသွားတာမျိုး ခံစားရနိုင်ပါတယ်။
- ချာချာလည်အောင် မူးတာမျိုး ခံစားရနိုင်ပါတယ်။
- အရမ်းဆာလောက်ပြီး ကိုယ်အလေးချိန်တွေ အရမ်းတိုးလာတာမျိုး ခံစားရနိုင်ပါတယ်။
အချို့သော အခြေအနေတွေမှာ ဦးနှောက်အကျိတ်တွေက ကင်ဆာကျိတ် မဟုတ်သလို ကြီးထွားမှုက အရမ်းနှေးတာမျိုးလည်း ရှိနီုင်ပါတယ်။ ဦးနှောက်အကျိတ်တွေကို စောစောသိလို့ စောစောကုသမယ်ဆိုရင် ရလဒ် ကောင်းတွေကို ရရှိမှာပါ။ ဒီလက္ခဏတွေက အချိန်ကြာလေ ပိုဆိုးလာလေ ဖြစ်မှာပါ။
မွန်မွန်